မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုကို မတောင်းဘဲနဲ့ပြည့်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ စိုးပြည့်ဟာ အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးဖြစ်ပြီး အစ်မဖြစ်သူတွေကလည်း စိုးပြည့်ကို သရုပ်ဆောင်ပညာကို အမြဲသင်ပြပေးတာကြောင့်လည်း အနုပညာလောကထဲမှာ အောင်မြင်မှုတွေများစွာ ရရှိနေတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Soe Pyae Thazin's Facebook Account
Photo Crd - Soe Pyae Thazin's Facebook Account
Photo Crd - Soe Pyae Thazin's Facebook Account

စိုးပြည့်ဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပြီး အခုမှာလည်း နေပြည်တော်တွင် ပြက္ခဒိန်ကြော်ငြာလေး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ စိုးပြည့်ဟာ အိုက်တင်ပိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ရုံသာမကဘဲ သီချင်းဆိုရာမှာလည်း ထူးခြားတဲ့ အသံပါရမီနဲ့ ပြည့်စုံသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မနေ့ညကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်လေးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Soe Pyae Thazin's , Aung Lay's and Myint Myat Mon's Facebook Account
Photo Crd - Soe Pyae Thazin's , Aung Lay's and Myint Myat Mon's Facebook Account
Photo Crd - Soe Pyae Thazin's , Aung Lay's and Myint Myat Mon's Facebook Account

ဒါကတော့ အင်းလေးမှာ ရွာတဲ့မိုး သီချင်းလေးကို ပျားရည်လို ချိုသာလွန်းတဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ စိုးပြည့်သဇင်ရဲ့ ဗီဒိယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ အောင်လေးကလည်း ဆိုနေမှန်းတောင် မသိရဘူး ဆိုပြီးတောင် ချီုးကျုးထားပါသေးတယ်။ စိုးပြည့်ရဲ့ အသံလေးဟာ နားထောင်သူတိုင်းကို အခါခါ ပြန်နားထောင်ချင်လောက်အောင်ကို ဆွဲဆောင်ထားနိုင်လွန်းတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နားဆင်ခံစားနိုင်အောင် စိုးပြည့်သဇင်ရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Sourcea And Photo Crd - Soe Pyae Thazin's , Aung Lay's and Myint Myat Mon's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။