ပရိသတ်ကြီးရေ အကယ်ဒမီပိုင်ဖြိုးသုကတော့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဒါရိုက်တာဏကြီးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ချစ်ဇနီးချောလေးရဲ့အနုပညာအလုပ်တွေကို အပြည့်အဝနားလည်ပေးပြီး တတ်နိုင်သလောက်ကူညီပေးပါတယ်။သုသုတို့ဇနီးမောင်နှံနှစ်ယောက်လုံးက စိတ်တူကိုယ်တူနဲ့ တိုင်တိုင်ပင်ပင်ရှိလို့ အေးချမ်းကြတဲ့ ဇနီးမောင်နှံလေးပါနော်။

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

သုသုက ဒါရိုက်တာဏကြီးထက် အသက်အများကြီးငယ်တာကြောင့် ချစ်ခင်ပွန်းအပေါ်မှာ ကလေးဆိုးလေးလို ချွဲနွဲ့တတ်ပြီး အချစ်ပိုအောင်လုပ်တတ်ပါသေးတယ်။ဏကြီးကလည်း အရမ်းချစ်စရာကောင်းလွန်းတဲ့ ချစ်ဇနီးချောလေးကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်နေရတာဖြစ်ပါတယ်နော်။သုသုက ချစ်ခင်ပွန်းကိုလည်း အမြဲလိုလို စနောက်တတ်ပြီး အခုတစ်ခါမှာလည်း သူမခရီးသွားရမှာကြောင့် ချစ်ခင်ပွန်းကို ကျီစယ်လိုက်သေးတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

သုသုက"ဟိုလူကြီး....မိန်းမခရီးသွားနေစဉ်ကာလအတွင်း'ရွှေရည်စိမ်လွတ်လပ်ရေး' ရပြီဟဲ့ ဆိုပြီးသောင်းကျန်းမည်ကြံရွယ်တိုင်း ဤဓါတ်ပုံကိုထုတ်ကြည့်ရန်"ဆိုပြီး မျက်မှောင်လေးကျုံ့နေတဲ့ ပုံလေးရိုက်ပြီး ချစ်ခင်ပွန်းအတွက် လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့တာဖြစ်ပါတယ်။သုသုရဲ့ပုံလေးက ကြောက်ဖို့မကောင်းဘဲ အရမ်းချစ်စရာကောင်းနေတာကြောင့် ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

Source&Photo Credit:Paing Phyo Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။