အောင်ရဲလင်းရဲ့ မွေးနေ့ ဟာ ဇွန်လ ၁၉ ရက်နေ့ဖြစ်ပါတယ်။ အောင်ရဲလင်းရဲ့ ချစ်သူ အပြင် မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ Beauty Blogger ဖြစ်တဲ့ မနေခြည်ဦးဟာ သူမ သူငယ်ချင်းတွေ နှင့် ပေါင်းကြံပြီးမွေးနေ့surprise လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အောင်ရဲလင်းရဲ့ မွေးနေ့ ပါတီကို နေခြည်ဦးက သူမ account ကနေပြီး live လွှင့်ခဲ့တာဖြစ်ပါတယ်။

ထို ဗီဒီယိုထဲမှာတော့ အောင်ရဲလင်း ရဲ့ မွေးနေ့ surprise ကို သူမသူငယ်ချင်းနှင့် ဘယ်လိုပေါင်းကြံပြီး အောင်ရဲလင်းမရိပ်မိအောင်ပြုလုပ်ခဲ့တာကို ပြောပြသွားခဲ့ပါတယ်။ အောင်ရဲလင်းရဲ့ မွေးနေ့ကိတ်ကို angelphoo's bakery က ဖုတ်ပေးခဲ့ပြီး ဘေးနားက အောင်ရဲလင်းဓာတ်ပုံပါတဲ့ cup cakes လေးတွေကိုတော့ နေခြည်ဦးကိုယ်တိုင် အလှဆင်ခဲ့တယ်လို့ပြောထားပါတယ်။

ထိုဗီဒီယိုထဲမှာ အောင်ရဲလင်းအတွက် မွေးနေ့ ဆုတွေ တောင်းပေးခဲ့ကြတာကိုတွေ့ရပါတယ်။ ထို့အပြင် အားလုံးစိတ်ဝင်စားနေတဲ့ နေခြည်ဦးနှင့် အောင်ရဲလင်းတို့ရဲ့ တစ်ယောက်ကို တစ်ယောက် ပြုမူဆက်ဆံပုံတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ချစ်သူကောင်မလေးက နားကို ချစ်စနိုးနှင့် လိမ်ဆွဲတာကို ပြုံးပြီး ခံနေတဲ့ အောင်ရဲလင်းက Chi Chi ကို ဘယ်လောက်ချစ်လဲဆိုတာကိုလဲတွေ့ခဲ့ရပါတယ်။

Source : Naychioo's facebook

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။