ပရိသတ်ကြီးရေ.. သရုပ်ဆောင်တဲ့ မင်းသမီးချော ဆုပန်ထွာကတော့ ပရိတသအခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာသားလေးတစ်ယောက် မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂဠုန်ဦးစောနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံခဲ့ရပြီး ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။


Photo Credit - Okkar Kyaw's Fb Account
Photo Credit - Okkar Kyaw's Fb Account

ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖြစ်တဲ့အကြောင်းလေးကို ကိုဥက္ကာကျော်က ပြောပြထားပြီး ရုပ်ချင်းအရမ်းတူလွန်းလို့ ကြည့်ရင်း ကိုယ်တိုင်တောင် ကြက်သီးထမိတဲ့အကြောင်းလေးတွေကိုလည်း ဆုပန်ထွာက ပြောပြထားတာ ဖြစ်ပါတယ်..။

ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့အတွက် ခင်ပွန်းဖြစ်သူကို ခွင့်မပြုခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးတိုက်တွန်းမှုတွေကြောင့် ကိုယ်တိုင်စိတ်ဝင်စားလာခဲ့ပြီး ခွင့်ပြုခဲ့တဲ့အကြောင်းလေးတွေကို ပန်ပန်တို့က ပြောပြတာပါ..။


Photo Credit - Okkar Kyaw's Fb Account
Photo By Myanmarload

“ပန်ပန်ကတော့ သူကိုမရိုက်စေချင်ဘူး လူမုန်းတဲ့ နေရာလည်းဖြစ်တယ် သမိုင်းမကောင်းတဲ့ နေရာဆိုတော့မလုပ်ပါနဲ့ ခွင့်မပြုဘူးလို့ပြောပေမယ့် ပရိသတ်ပြောတာများလာလို့ ကိုယ်တိုင်တောင် စိတ်ဝင်စားမိတယ် ဂဠုဦးစောလို ပုံစံပြောင်းပြီး ပြင်ကြည့်လိုက်တော့ တစ်ပုံစံတည်း ကိုယ်တောင်ကြက်သီးထတယ်..” ဆိုပြီး ခွင့်မပြုချင်ပေမယ့် ခွင့်ပြုခဲ့တဲ့အကြောင်းလေးကို ပြောပြထားတာပါ..။

ရွေးချယ်ခံလိုက်ရတာကို သိသိချင်းမှာ အရမ်းပျော်သွားခဲ့ကာ ဇာတ်ရုပ်အတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်တွေ လာကမ်းလှမ်းရင်တော့ လက်ခံဖြစ်မယ် မထင်တော့တဲ့အကြောင်းကိုလည်း ပြောပြထားတဲ့ ပန်ပန်တို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo Credit - Okkar Kyaw's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။