ပရိသတ်ကြီးရေ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဆွိဝတ်ရည်သောင်း ကတော့ အနုပညာလောကမှာ ပရိသတ်တွေ ရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမလေး ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး သွယ်လျကျစ်လျစ်တဲ့ body နဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတာကြောင့် ချစ်ခင်သူတွေပေါများနေတာ ဖြစ်ပါတယ်။ အချစ်တော်လေး ဆွိဝတ်ရည်သောင်း ကတော့ အနုပညာ အလုပ်တွေကို ဖြည်းဖြည်း မှန်မှန်နဲ့ လုပ်ကိုင်နေတာကို တွေ့ ရပါတယ်။

Photo Credit - ဖီဖီ
Photo Credit - ဖီဖီ

လတ်တလောမှာတော့ ဆွိဝတ်ရည်သောင်း က ပရိသတ်တွေအတွက် အသစ်ထွက်ရှိတဲ့ Super Fan Girl သီချင်းလေးကိုလည်း ချပြခဲ့ပြီလည်း ဖြစ်ပါတယ်။ ယင်းသီချင်းလေးကတော့ ပရိသတ်တွေ သဘောကျကြိုက်နှစ်ခဲ့ရပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ချစ်ခင်ရတဲ့ မင်းသားချောလေး ကျော်ထက်ဇော် နဲ့ အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ယခုမှာတော့ Super Fan Girl သီချင်းလေး ရိုက်ကူးခဲ့စဉ်က အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်..။

Photo Credit - ဖီဖီ
Photo Credit - ဖီဖီ

ဒီပုံလေးတွေထဲမှာတော့ ဆွိဝတ်ရည်သောင်း ကတော့ မင်းသားချောလေး ကျော်ထက်ဇော် နဲ့ အတူ ကင်မရာနောက်ကွယ်က အကောင်းဆုံးကြိုးစားထားတာကို တွေ့ရပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဆွိရည်ဝတ်သောင်း က " ရောင်စုံမီးများထွန်းလို့ထားတဲ့ သန်းခေါင်ယံဒီကပွဲလေး " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော် နဲ့ အတူ ရိုက်ကူးထားတဲ့ အွိဝတ်ရည်သောင်းရဲ့ Super Fan Girl သီချင်းလေး အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - ဖီဖီ
Photo Credit - ဖီဖီ

Photo Credit - ဖီဖီ

Source -Sweet Wutt Yi Thaung's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။