သင်ဇာဝင့်ကျော်ဟာ သူမရဲ့ လူမှုကွန်ရက်မှာ ဗီဒီယို တစ်ခုတင်ထားခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာတော့ သူမကို ဆင်နှစ်ကောင် က နင်း နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ မှောက်နေပြီး ဆင်နှစ်ကောင်ကတော့ အားရပါရ နင်းနေတာကိုတွေ့ရပါတယ်။

အမှန်တကယ်တော့ ဆင်နှစ်ကောင်ဟာ ရိုးရိုးနင်းနေတာ မဟုတ်ပဲနဲ့ Elephant Massage လို့ခေါ်တဲ့ ဆင် ကို နှိပ်ခိုင်းတဲ့ မာဆတ်မျိုးပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ထိုအချိန်ကို ပြန်လွမ်းမိတယ်ဟုဆိုကာ အမှတ်တရအနေနှင့်တင်ထားတာကို တွေ့ရတာဖြစ်ပါတယ်။ ဆင်တစ်ကောင်ဆိုရင် သူမရဲ့တင်ပါးကို နှာမောင်းနှင့် အကြိမ်ကြိမ်ရိုက်နေတာကလဲ သူမအတွက် ရယ်ရတဲ့ အမှတ်တရ တစ်ခုဖြစ်မှာပါ။

ပရိသတ်တွေကတော့ သူမရဲ့ ဆင်ကိုတောင် မကြောက်ပဲ ပေးနင်းခိုင်းတဲ့ သတ္တိကို အံ့သြတကြီး နှင့် ချီးကျူးကြပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ယခုရုံတင်နေတဲ့ ဝိညာဉ်ကကြိုး ရုပ်ရှင်ကားကြီးမှာ အောင်ရဲလင်း ၊ ရွှေမှုန်ရတီတို့ နှင့် အတူပါဝင်သရုပ်ဆောင်ထားတယ်လို့လဲသိရပါတယ်။

anna

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။