Beauty Blogger တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့တဲ့ နေခြည်ဦးကတော့ ကိုယ်ပိုင်အရည်အချင်းရှိပြီး ထက်မြက်တဲ့မိန်းမချောလေးတစ်ဦးလည်း ဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့ နေခြည်ဦးက အချိန်ခဏလေးအတွင်းမှာတင် တစ်ဟုန်ထိုးအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ကြော်ငြာလေးတွေ စတင်ရိုက်ကူးရင်းကနေ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတဲ့ နေခြည်ဦးကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's IG Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

လက်ရှိမှာဆိုရင် နေခြည်ဦးက သူမဝါသနာပါတဲ့ Beauty Blogger အလုပ်ကိုရော သရုပ်ဆောင်အလုပ်ကိုပါ မနားတမ်းဆိုသလို ကြိုးစားပမ်းစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှအပရေးရာနဲ့ပတ်သက်ရင်လည်း ဂရုတစိုက်နေထိုင်တတ်တဲ့ နေခြည်ဦးက တစ်နေ့တခြားပိုလှလာတာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ရေချိုးပြီးကာစအချိန်လေးမှာ Skin Care ရင်း အလှပိုနေတဲ့ သူမရဲ့ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's IG Acc
Photo Credit-Beautybynaychi's IG Acc
Photo Credit-Beautybynaychi's IG Acc

ကြည်လင်ဝင်းပပြီး စိုပြေလှပတဲ့ အသားအရေကိုပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ ဘာမှမပြင်ဆင် မခြယ်သထားရင်တောင်မှ လှနေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ရေချိုးပြီးကာစအလှတရားတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ညို့အားပြင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Beautybynaychi's IG Story 

Photo Credit-Beautybynaychi's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။