ပရိသတ်ကြီးရေ အဆိုတော်ရွှေထူးကတော့ မိသားစုအပေါ်အရမ်းသိတတ်တဲ့ သားလိမ္မာလေးဖြစ်ပြီး မောင်နှမတွေထဲမှာလည်း အကြီးဆုံးဖြစ်လို့ အစ်ကိုကြီးအဖရာပီပီ လိုလေသေးမရှိအောင် စောင့်ရှောက်ပေးပါတယ်နော်။ရွှေထူးရဲ့ချစ်ဇနီးချောလေး ရွှေမှုံကလည်း ချစ်ခင်ပွန်းရဲ့ မိသားစုအပေါ်မှာ သမီးအရင်းတစ်ယောက်လို ဂရုစိုက်ပေးပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံလေးကတော့ အေးအတူပူအမျှနဲ့ အရမ်းအားကျဖို့ကောင်းတဲ့ ဇနီးမောင်နှံလေးပါနော်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

ရွှေထူးက အနုပညာလောကထဲကို ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားဝင်ရောက်လာခဲ့ကာ သူ့ရဲ့အနုပညာစန်းကလည်း အရမ်းကောင်းတာကြောင့် အခုဆိုရင် မင်းသားတစ်ယောက်အဖြစ်တောင် ရပ်တည်နေပြီဖြစ်ပါတယ်။ရွှေထူးက သူ့ရဲ့ညီအငယ်ဆုံးလေးကို အရမ်းချစ်ပြီး ညီလေးရဲ့အနာဂတ်အတွက် ရှေ့ကနေ လမ်းပြဆောင်ရွက်ပေးကာ လမ်းမှန်ကိုညွှန်ပြတဲ့ အစ်ကိုကြီးတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

အခုဆိုရင်လည်း ညီငယ်လေးကို စန္ဒယားတီးသင်ဖို့အတွက် သူ့ရဲအိမ်မှာ ဆရာနဲ့အတူ စနစ်တကျသင်စေတာဖြစ်ပါတယ်။ညီငယ်လေးကလည်း အစ်ကိုကြီးရဲ့အနုပညာသွေးလေးတွေပါတာကြောင့် သေချာအာရုံစိုက်ပြီး သင်ကြားနေကာ နောင်တစ်ချိန်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးပါနော်။ရွှေထူးရဲ့မိခင်ကတော့ "အစ်ကို့ရဲ့ လမ်းညွှန်မှုအောက်က မျိုးဆက်သစ်လေးပါ"ဆိုပြီး ရေးသားထားကာ ရွှေထူးကလည်း သူ့ရဲ့ Myday မှာ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလာတာဖြစ်ျပါတယ်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

Source&Photo Credit:Yin Kyay's Facebook Account

Video Credit:Htoo Khant's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။