အဆိုတော် စစ်သွေးကတော့ သီချင်းဆိုကောင်းသလို သီချင်းကောင်းကောင်းလေးတွေကိုလည်း ဖန်တီးသီဆိုလေ့ရှိတာပဲ ဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်စစ်သွေးက တစ်ကိုယ်တော်တေးအယ်ဘမ်လည်း ထွက်ရှိအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်သွေးက တေးသီချင်းအသစ်တွေဖန်တီးပြီး သီချင်းဗီဒီယိုလေးတွေလည်း ဆက်တိုက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc

မကြာသေးခင်ကလည်း အဆိုတော်စစ်သွေးတစ်ယောက် မင်းသားချော အောင်လေး ၊ မင်းသမီးချော သင်ဇာဝင့်ကျော်တို့နဲ့အတူ သီချင်းဗီဒီယိုလေးတစ်ခု ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေအားလုံးနဲ့ ချစ်ခင်ရင်းနှီးနေတဲ့ စစ်သွေးက မင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့ဆိုရင်လည်း အရမ်းကိုရင်းနှီးနေတာ ဖြစ်ပါတယ်။ အခုလည်း စစ်သွေးက သင်ဇာဝင့်ကျော်နဲ့သန္တာဗိုလ်တို့ဖက်ပြီး အထာကျကျပို့စ်ပေးနေတဲ့ ပုံရိပ်တွေကို ချပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc

စစ်သွေးက "ဒီချစ်ညီမလေးတွေနဲ့ပဲ ပျော်နေရတာပါ" ဆိုပြီး သင်ဇာဝင့်ကျော်နဲ့ သန္တာဗိုလ်တို့ကို တစ်ဖက်စီထားပြီး အပြတ်အသတ်ဂေါ်နေတဲ့ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ စစ်သွေးနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ယောက်ကတော့ ပွဲအခမ်းအနားတွေလည်း အတူတူသွားလေ့ရှိကြသလို အရမ်းကိုခင်မင်ရင်းနှီးတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်စစ်သွေးနဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်တို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Xit Thway's FB Acc

Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc
Photo Credit-Thinzar Wint Kyaw's IG Story
Photo Credit-Xit Thway's FB Acc
Photo Credit-Xit Thway's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။