ပရိသတ်တွေရဲ့အချစ်ောတ် သရုပ်ဆောင်မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းလွန်းတဲ့ တိုင်းရင်းသူ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားတဲ့ ယမုံလေးကတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်..။


Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Wint Yamone Naing's Fb Account

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်လျှောက်လှမ်းနေသလို ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေ ဖြစ်ပြီး သားအမိတွေလို ချစ်ခင်လေးစားရတဲ့ ဆရာဖြစ်သူ အကယ်ဒမီမို့မို့မြင့်အောင်နဲ့ သူမရဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။

မေမွှေးနဲ့အတူ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးနဲ့ ကာရိုက်တာလေးတွေအကြောင်း ပြောပြရင်း လိုအပ်ချက်လေးတွေကို အမြဲသင်ပေးပြီး သားအမိတွေလို ချစ်ခင်ကြတဲ့ မေမွှေးနဲ့ သူမတို့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Wint Yamone Naing's Fb Account

“အခုရိုက်နေတဲ့ကားရဲ့ ကာရိုက်တာကတော့ ဆရာဝန်ဇာတ်ကောင် မေမွှေးရဲ့ သမီးပေါ့ ဇာတ်လမ်းလေးလည်း ကောင်းပါတယ် တော်တော်ကောင်းတယ် မေမွှေးနဲ့က အရှေ့မှာ ငရဲဆိုတာဂျိုနဲ့လားဆိုတဲ့ ကိုတီတို့ကားမှာ ဆုံဖူးတယ် အဲ့မှာလည်း မေမွှေးအများကြီးသင်ပေးတယ် သရုပ်ဆောင်တာတွေ လိုအပ်တာတွေကို အများကြီးပြပေးတယ် မေမွှေးနဲ့လည်း ရင်းနှီးနေတယ် အခုဒီကားနဲ့လည်း ထပ်ဆုံတယ်ဆိုတော့ မေမွှေးနဲ့က သားအမိတွေလို ဖြစ်နေတာ အရမ်းလည်း ကြင်နာတယ် အမြဲတမ်းလည်း ကြိုဆိုတယ်..” ဆိုပြီး ပြောပြထားတာပါ..။

ချစ်စရာကောင်းလွန်းလို့ အားလုံးကချစ်ခင်နေကြရတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ပြောပြထားတဲ့ မေမွှေးနဲ့ သူမတို့ကြားက ချစ်စရာကောင်းတဲ့ ဆက်ဆံရေးလေးအကြောင်း ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wint Yamone Naing's Fb Account
Photo Credit - Wint Yamone Naing's Fb Account

Photo Credit - Wint Yamone Naing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။