Makeup Tutorial ဗီဒီယိုလေးတွေနဲ့ Social Media ထက်မှာ လူသိများအောင်မြင်လာခဲ့တဲ့ နေခြည်ဦးကတော့ Beauty Blogger အဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ သွက်လက်တက်ကြွတဲ့ ပင်ကိုယ်စတိုင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ နေခြည်ဦးက ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်တာ ဖြစ်ပါတယ်။ အခုဆိုရင် နေခြည်ဦးက မသိသူမရှိလောက်အောင် နာမည်ရနေပြီပဲဖြစ်ပါတယ်။ 

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

လတ်တလောမှာတော့ နေခြည်ဦးတစ်ယောက် အလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသလို အားကစားကိုလည်း အချိန်ပေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေခြည်ဦးက ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး အမြဲတမ်းနုပျိုလှပနေတာ ဖြစ်ပါတယ်။ အားလပ်ချိန်လေးတွေမှာ Tik Tok ကစားလေ့ရှိတဲ့ နေခြည်ဦးက အခုလည်း အမိုက်စားဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားပါတယ်။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

ကကွက်ဆန်းတွေနဲ့ အမြဲတမ်းရင်ခုန်အောင်လုပ်တတ်တဲ့ နေခြည်ဦးတစ်ယောက် ဒီတစ်ခေါက်မှာလည်း အမိုက်စားကကွက်တွေနဲ့ အပီအပြင်ကပြလိုက်တာ ဖြစ်ပါတယ်။ နေခြည်ဦးက သီချင်းမြူးမြူးလေးအတိုင်း ခန္ဓာကိုယ်လေးကို ခပ်မိုက်မိုက်လေးလှုပ်ခါကာ ကပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စား Tik Tok အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nay Chi Oo's Tik Tok Acc 

Photo Credit-Nay Chi Oo's FB Acc
@naychioo

I love this tunesss ##fyp ##myanmar

Do It - Chloe x Halle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။