သရုပ်ဆောင်စမိုင်းလ်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ကာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

အလိုက်သိတတ်လွန်းတဲ့ ချစ်ခင်ပွန်းကြောင့် ပျော်ရွှင်နေခဲ့ရတဲ့ သူမကတော့ အလှူအတန်းတွေကိုလည်း စိတ်တူကိုယ်တူနဲ့ ပြုလုပ်လေ့ရှိပြီး သူမတို့ ဇနီးမောင်နှံကတော့ မကြာခင်က သာသနဘောင်သို့ အတူတကွဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမတို့ ဇနီးမောင်နှံကတော့ ယခုမှာ သာသနာဘောင်သို့ဝင်ရောက်နေစဉ်အတွင်း ကြမ်းပြင်တွေနဲ့ အိမ်သာတွေကို သေသေချာချာသန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူနေခဲ့တာပဲဖြစ်ကာ အဆိုပါပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

သူမကတော့ " ဆရာလေးတို့အောင်ဇမ္ဗူကျောင်းသို့မပြောင်းမှီဆရာတော်ထံမှခွင့်ပြုပါရန်ပန်ကြားပြီး ဆရာတော်များရဲ့ကုန္နီများလမ်းတစ်လျှောက်သန့်ရှင်းရေးလုပ်ပြီးသစ်တံခါးကျောင်းမှပြန်ကြွ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ သာသနာဘောင်သို့ ဝင်ရောက်နေစဉ်အတွင်း ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: စမိုင်းလ် Smile 's facebook page

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။