ပရိတ်သတ်ကြီးရေ..... မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်မေမေဖြစ်နေတာတောင်အလှမပျက်သွားပဲ တစ်သားမွေးတသွေးလှနေတဲ့သူလေးပါနော်။ သူမဟာပရိတ်သတ်တွေအားကျရတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပြီး သားလေးဖြစ်တဲ့ peachလေးနဲ့ သမီးလေးTulipလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ အနုပညာလှုပ်ရှားမှုတွေကို သိပ်မလုပ်တော့ပေမယ့် ပရိတ်သတ်တွေကတော့ သူမကိုအချစ်မလျော့ကြတဲ့အပြင် သူမရဲ့မိသားစုလေးကိုလည်းအချစ်တွေပိုကာ ဆက်လက်အားပေးနေကြတာပါနော်။
သဉ္ဇာရဲ့သားလေးဟာလည်းအရွယ်နဲ့မလိုက်အောင်ကို ချစ်စရာအရမ်းကောင်းနေတာဖြစ်ပြီး လုံးလုံကစ်ကစ်လေးနဲ့အသည်းယားစရာလေးပါ။ သဉ္ဇာဟာမိသားစုကိုအချိန်ပေးပြီး ဂရုစိုက်တတ်တဲ့သူဖြစ်ပြီးသူမရဲ့မိသားစုလေးဟာလည်း အားကျစရာလေးဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးလည်း သဉ္ဇာတို့မိသားစုလေးကို အချစ်ပိုနေကြမယ်ထင်ပါတယ်နော်။
သဉ္ဇာဟာ ကလေးနှစ်ယောက်မေမေလို့ထင်ရက်စရာမရှိအောင်ကို ဖြူဖြူဖွေးဖွေးလေးနဲ့လှပနုပျိုနေတဲ့သူလေးပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ ''Shar Tra ရေအင်္ကျီလေးအရမ်းကြိုက်တယ် အရမ်းလှလို့ ချက်ချင်းဝတ်လိုက်တယ် ကျေးဇူးပါနော်'' ဆိုတဲ့ captionလေးနဲ့အတူမိသားစုသုံးယောက်ရဲ့ ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Thinzar Nwewin's Facebook acc
Photo Credit-Thinzar Nwewin's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။