အချစ်တော်လေး နန်းဆုရတီစိုး ဟာဆိုရင် ဖြူဖွေးလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး ကျစ်လှစ်သွယ်လျတဲ့ ကိုယ်ခန္ဓာလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူလေး ဖြစ်ပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို အပြည့် အဝရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျိုမဒီလေးတွေ သဘောကျကြိုက်နှစ်သတ်တဲ့ ဖက်ရှင်မျိုးစုံကို ဝတ်ဆင်လေ့ရှိကာ တာကိုလည်းတွေ့ရပါတယ်။နန်းဆုရတီစိုး ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူမက အဆိုပိုင်းမှာလည်း ထူးခြားတဲ့ အသံလေးတွေကြောင့် အောင်မြင်မှုများစွာရရ်ှိနေတဲ့ သူပဲဖြစ်ပါနော်....။

ဒါ့အပြင် နုပျိုလှပနေတဲ့ ပင်ကိုယ်အလှတရားတွေ ကလည်း ဆယ်ကျော်သက်တွေတောင် အရှုံးပေးရလောက်ပါတယ်။ယခုမှာဆိုရင်လည်း နန်းဆုရတီစိုးက အမိုက်စားဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ ချစ်စရာ ဟန်ပန်အမူရာလေးတွေနဲ့ ဓာတ်ဖမ်းနေတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ဒီပုံရိပ်လေးတွေထဲမှာတော့ နန်းဆုရတီစိုးက ဗေဒါရောင် ပန်းပွင့်လေးကိုကိုင်ပြီး ဂျပန်မလေး တစ်ယောက်လို ချောမောလွန်းနေကာ ပရိသတ်တွေ ချစ်သက်ကြွေအောင် ညို့ယူဖမ်းစားလိုက်ပြန်တဲ့ ချစ်စရာ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်နော်...။

အချစ်တော်လေး နန်းဆုရတီစိုး ရဲ့ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီပုံရိပ်လေးတွေကိုလည်း နန်းဆုရတီစိုး က " မင်းချစ်တဲ့ ဗေဒါရောင်ပန်းလေးရဲ့ အတ္ထုပတ္တိ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ရေ ကြွေရက်စရာကောင်းလောက်တဲ့ အချစ်တော်လေး နန်ဆုရတီစိုး ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - KanSuHo

Source- Nansu Yati Soe Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။