ပရိသတ်ကြီးရေ လင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ သက်ရှိထင်ရှားရှိနေသေးတဲ့ မိခင်ကို အနားမှာအချိန်ပြည့်နေပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ရဲ့မိခင်က အူမကြီးကင်ဆာဖြစ်တာကြောင့် မကြာသေးခင်မှ ဆေးရုံတတ်ပြီး ခွဲစိတ်ထားရတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ကလည်း မေမေ့ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ပေးကြပါတယ်နော်။

လင်းဇာနည်ဇော်တို့မောင်နှမတွေက စီးပွားရေးကိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြသလို စိတ်သဘောထားတွေလည်း ပြည့်ဝကြပါတယ်။လင်းဇာနည်ဇော်ရဲ့မေမေကတော့ သားသမီးတွေရဲ့ ပြုစုယုယမှုတွေကြောင့် အတော်အတန် ကျန်းမာလာပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုလေးကတော့ အေးအေးချမ်းချမ်းနဲ့ စည်းလုံးကြတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

ဒီနေ့လေးမှာဆိုရင်တော့ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)က လင်းဇာနည်ဇော်တို့ရဲ့မေမေကို သတင်းသွားမေးခဲ့တာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့"ကိုပြည့်ဝ ဆီသွားဖို့မေမေကလွှတ်နေတာ မေမေ့ကိစ္စနဲ့စိတ်တွေထူပီးကိုယ်ကမရောက်ပဲ ခါးခွဲထားတဲ့သူက မေမေ့ဆီရောက်လာတဲ့အဖြစ်..ပျက်ကွက်မှုတွေအတွက်တောင်းပန်ပါတယ်အစ်ကိုရေ"ဆိုပြီး ရေးသားကာ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။