ကောင်းကင်ပြာကို ဘယ်သူက ဆေးရောင်ခြယ်ဆိုတဲ့ စာသားနဲ့ သီချင်းကို လူတိုင်းနီးပါးသိကြမှာပါ။

သီချင်းရဲ့ အဆိုတော် ဒေါ်တင်မိုးခိုင်ကတော့ တနင်္ဂနွေညမှာ ကွယ်လွန်သွားပါပြီလို့သိရတဲ့အတွက် ပရိသတ်တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။

ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ် ၊ ဗိုလ်တေဇလမ်း ၊ ခြံအမှတ် ( ၇၄၆ ) နေ ( P.Conway + ဒေါ်ခင်အံ့ ) ၏သမီးအကြီး ၊ ဦးအောင်ကိုလတ်၏ဇနီး ၊ Betty Conway ( ခ ) သူဇာမင်း ၊ ဒေါ်ပေါက်စ ၊ ( တင်တင်အုန်း ) ၊ ( ဦးဂျိုးဇက် ) ၊ ဒေါ်ညိုညိုစန်း ၊ ဒေါ်စန်းစန်းဌေး ၊ ( ဦးအောင်သူရ ( ခ ) Baby Sean ) တို့၏အစ်မ ၊ Michelle Anne Latt ၊ ခန့်ဇင်ကို ( ခ ) J Me တို့၏ မိခင်သည် ၁၈ . ၆ . ၂၀၁၇ ( တနင်္ဂနွေနေ့ ) ည ၇:၁၅ မိနစ်တွင် ကွယ်လွန် သွားကြောင်း သိရသည်

၂၀ . ၆ . ၂၀၁၇ ( အင်္ဂါနေ့ ) နံနက် ၁၀:၀၀ နာရီတွင် ပြည်လမ်းမနှင့်မပိုလမ်းထောင့်ရှိ Fatima Church မြေနီကုန်း ၌ ဝတ်ပြုကိုးကွယ်ပြီး နံနက် ၁၁:၀၀ နာရီတိတိတွင် ရေဝေးသုဿန်သို့ ပို့ဆောင်ဂူသွင်းမည် ဖြစ်တယ်လို့ သိရပါတယ်။

Photo from Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။