ယခုလက်ရှိကျင်းပကစားနေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယူရို၂၀၁၆ချန်ပီယံ ပေါ်တူဂီလက်ရွှေးစင်အသင်းနဲ့ မက္ကဆီကိုလက်ရွှေးစင်အသင်းတို့၏ ပွဲကတော့ တစ်ဖက် ၂ဂိုးစီနဲ့ သရေရလဒ်သာထွက်ခဲ့ပါတယ်။ 

ပေါ်တူဂီလက်ရွှေးစင်အသင်းနဲ့ မက္ကဆီကိုလက်ရွှေးစင်အသင်းတို့၏ ပွဲမှာ ဦးဆောင်ဂိုးစရရှိခဲ့တာကတော့ ပေါ်တူဂီအသင်းဖြစ်ပြီး ပွဲချိန်၃၄မိနစ်မှာ ရော်နယ်ဒိုရဲ့ပေးပို့မှုကနေ ကွာရက်စမာကိသွင်းခဲ့တာဖြစ်ပြီး မက္ကဆီကိအသင်းက ပွဲချိန် ၄၂မှာပဲ မန်ချက်စတာယူနိုင်တက်တိုက်စစ်မှူးဟောင်း ဟာနန်ဒက်က လေပေါ်မှာလှလှပပခေါင်းတိုက်ကာ ချေပဂိုးသွင်းခဲ့ပါတယ်။ 

ပေါ်တူဂီလက်ရွှေးစင်အသင်းနဲ့ မက္ကဆီကိုလက်ရွှေးစင်အသင်းတို့၏ ပွဲက အကျိတ်အနယ်ရှိနေပြီး ပွဲသိမ်းခါနီး ပွဲချိန် ၈၅မှာ ပေါ်တူဂီအသင်းကစားသမား ဆီဒရစ်က အပြင်းကန်သွင်းခဲ့ကာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း နာကျင်အချိန်ပို ၉၁မိနစ်မှာ မိုရီနိုက မက္ကဆီကိုအတွက် ချေပဂိုးပြန်ရယူကာ ၂-၂ဂိုးရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။

Hein

သတင်းအရင်းမြစ် Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။