ဝါရင့်မင်းသားချောလေးဖြစ်တဲ့ နိုင်းနိုင်းကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ထိပ်တန်းမင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေနဲ့ အံဝင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်းနိုင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Actor 99 's facebook page
photo credit : Actor 99 's facebook page

အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ နိုင်းနိုင်းကတော့ ယောကျာ်းပီသတဲ့ အမိုက်စားbodyလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ နိုင်းနိုင်းကတော့ ယခုမှာ ချစ်စရာကောင်းလွန်းတဲ့ သားသမီးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။

photo credit : Actor 99 's facebook page
photo credit : Actor 99 's facebook page
photo credit : Actor 99 's facebook page

နိုင်းနိုင်းကတော့ ယခုမှာ သိပ်ချစ်ရတဲ့ သားသားမီးမီးလေးတွေကို လွမ်းနေရပြီမို့ မိသားစုလေးရှိတဲ့ နိုင်ငံခြားကို တစ်ယောက်တည်းလိုက်သွားခဲ့ပါတယ်။နိုင်းနိုင်းကတော့ "ရဲဘော်လေးများဆီသို့...ချစ်သောပရိသတ်များလည်း စိတ်ချမ်းသာသော နေ့များပိုင်ဆိုင်ပါစေ. " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နိုင်းနိုင်းတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Actor 99 's facebook page

photo credit : Actor 99 's facebook page
photo credit : Actor 99 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။