ချစ်ပရိသတ်ကြီးရေ အေးချမ်းတဲ့ အပြုံးလေးတွေရယ် သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကို အထူးတလည်မိတ်ဆက်စရာမလိုဘူး ထင်ပါတယ်နော်။ချစ်သူဖြစ်တဲ့ အဆိုတော်ချောလေး သားဂန်းနဲ့အတူ ကြည်နူးအားကျစရာကောင်းလောက်အောင် ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့လည်း ချစ်ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားတတ်ကြသူတွေဆိုလည်း မမှားပါဘူးနော်။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account

ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။သူမဟာအမြဲ အလန်းစားဖက်ရှင်တွေကို ဝတ်ဆင်တတ်သူလေးဖြစ်သလို မြန်မာဝတ်စုံလေးတွေကိုလည်း မကြာခဏဝတ်ဆင်တတ်သူဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမူရာလေးတွေနဲ့ ရိုက်ထားတဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကို ပရိသတ်တွေတွက် လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account

ပုံလေးတွေထဲမှာ ဘေဘီမောင်တစ်ယောက် အရမ်းချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ်။ဘေဘီမောင်ကတော့ အပြုံးချိုချိုလေးတွေရယ် ကိုယ်ခန္ဓာ အမိုက်စားလေး ပိုင်ဆိုင်ထားတာကြောင့် ဘယ်ဝတ်စုံနဲ့ မဆို လိုက်ဖက်ကာ စမတ်ကျကျလေး လှနေတာလေးကလည်း သူမရဲ့ လှပမှုလျှို့ဝှက်ချက်လေးပဲဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Baby Maung Facebook Account
Photo Credit : Baby Maung Facebook Account

Source & Photo Credit : Baby Maung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။