ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေကြား အရမ်းကို ရေပန်းစားအောင်မြင်ပြီး ပုရိသပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ညို့အားပြင်းတဲ့ မျက်ဝန်းအလှတွေနဲ့ ပရိသတ်တွေကို အချစ်ပိုသဘောကျစေတဲ့ ဇင်ဇင်ဇော်မြင့်ကတော့ လတ်တလောမှာ သားလေးနှစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ထားပြီး ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - Zin Zin Zaw Myint's Fb Account
Photo Credit - Zin Zin Zaw Myint's Fb Account

အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် မိသားစုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို သဘောကျစေတဲ့ ဇင်ဇင်ဇော်မြင့်ကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းလွန်းတဲ့ သားလေးတွေရဲ့ ဝါသနာလေးတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

အနုပညာကို ဝါသနာပါတဲ့ သားလေးနဲ့ စာကိုသာ ကြိုးစားတဲ့ သားလေးနှစ်ယောက်အကြောင်းကို ပြောပြထားပြီး သားလေးတွေရဲ့ ဝါသနာကိုသာ အဓိကပံ့ပိုးပေးသွားမယ့်အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Zin Zin Zaw Myint's Fb Account
Photo Credit - Zin Zin Zaw Myint's Fb Account

သားလေးတွေကိုတော့ ပညာရေးအမွေလည်း သူတို့အတွက် ကောင်းသလို အနုပညာအမွေလည်း ကောင်းတာမို့ သူတို့ဝါသနာပါတာကို ဖြည့်ဆည်းပေးမှာဖြစ်ပြီး သားကြီးကတော့ စာကိုပဲ ဝါသနာပါပြီး သားငယ်ကတော့ အနုပညာပိုးပိုပါကာ “ကိုယ်တွေကတော့ ဟိုးငယ်ငယ်လေးကတည်းက စာထက်ကို အနုပညာကို ပိုပြီး ဝါသနာပါတယ် ကြီးလာရင် မင်းသမီးဖြစ်ချင်တယ်လို့ ပြောတာ ကပြရတာလည်း မရှက်ဘူး သီချင်းဆိုပြရတာလည်း မရှက်ဘူး ငယ်ငယ်လေးကတည်းက ဗီဇပြတာပေါ့ သူတို့ကျတော့ ရှက်တတ်တယ် စာပဲ အဓိက ဝါသနာပါတယ် အမေသွေးအပြည့်ပါပြီး အိုင်တင်တော့လုပ်တတ်တယ် ဝါသနာပါလားဆိုတော့ ကိုယ်လောက်တော့ ဝါသနာမပါဘူးပေါ့ ..” ဆိုပြီး ပြောပြထားတာပါ..။

ချစ်ခင်ပွန်းအပြင် မိသားစုအကြောင်းနဲ့ သားလေးတွေရဲ့ ဝါသနာလေးတွေအကြောင်းကို ပြောပြထားတဲ့ မင်းသမီးချောဇင်ဇင်ဇော်မြင့်ရဲ့ ေီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Zin Zin Zaw Myint's Fb Account
Photo Credit - Zin Zin Zaw Myint's Fb Account

Photo Credit - Zin Zin Zaw Myint's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။