ပရိသတ်တွေရဲ့ အချစ်တွေကို ဆယ်စုနှစ်များစွာကတည်း ယနေ့အချိန်ထိ သိမ်းပိုက်ထားကြတဲ့ ဝါရင့်အနုပညာရှင် ပြည်သူ့အချစ်တော်တွေကတော့ အကယ်ဒမီမင်းသမီးချောတွေဖြစ်ကြတဲ့ မေသန်းနုနဲ့ မေသဉ္ဇာဦးတို့ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကိုယ်စီနဲ့ အားလုံးက ချစ်ခင်ကြရတဲ့ သူတို့အနုပညာညီအစ်မနှစ်ယောက်ကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြပြီး ပရိသတ်အချစ်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြတာလည်း အားလုံးအမြင်ပါပဲနော်..။


Photo Credit - May Than Nu-Ma Sint's Fb Page
Photo Credit - May Thinzar Oo's Fb Account

ချစ်စရာကောင်းလွန်းကြတဲ့ မဆင့်နဲ့ မဇာကြီးတို့နှစ်ယောက်ကတော့ အချိန်တော်တော်ကြာ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်လာခဲ့ကြပြီး အမှတ်တရလေးတွေကို ပြောပြကာ ရယ်မော ပျော်ရွှင်နေကြပြီး ပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေပြန်ပါတယ်နော်..။

ဇာတ်ကားရိုက်ကူးခဲ့ကြတဲ့ အမှတ်တရလေးတွေအပြင် ကြုံတွေ့ခဲ့ကြတဲ့ အဖြစ်အပျက်လေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် သဘောကျကြတဲ့ အိုင်တင်ဟန်ပန်လေးတွေနဲ့ စိတ်သဘောထားလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်နော်..။


Photo Credit - May Than Nu-Ma Sint's Fb Page
Photo By Myanmarload

မဇာကြီးကတော့ သူမအရမ်းသဘောကျရတဲ့ မဆင့်ရဲ့ မိန်းမရှက်နည်းအိုင်လေးကို အမူအရာလေးလုပ်ပြီး ပြောပြထားသလို မဇာကြီးရဲ့ စိတ်ထားလေးကိုလည်း မဆင့်က ပြောပြရင်း အမှတ်တရလေးတွေနဲ့ နှစ်ယောက်သား ရယ်မောနေကြတာပါ..။

မဆင့်ရဲ့မိန်းမရှက်နည်း အိုင်တင်ကို ပြောပြထားသလို သူမရှက်ရင် လုပ်တတ်တဲ့ အမူအရာလေးအကြောင်းကိုလည်း ပြောပြထားသေးတဲ့ မဇာကြီးနဲ့ မဆင့်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - May Than Nu-Ma Sint's Fb Account & May Thinzar Oo's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။