သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကြားမှာ နေရာယူထားတဲ့ အဆိုတော်ဇော်ပိုင်ကတော့ တကယ့်ကိုထူးချွန်တဲ့ ဂီတပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ တေးသီချင်းတွေသီဆိုတတ်တဲ့ ဇော်ပိုင်ရဲ့သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို အမြဲတမ်းရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိလည်း ဇော်ပိုင်က သူဝါသနာပါတဲ့ ဂီတအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

ဇော်ပိုင်မှာတော့ အရမ်းကိုချောမောလှပတဲ့ ဇနီးချောလေးတစ်ယောက်နဲ့အတူ ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် သိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ ဇော်ပိုင့်ရဲ့သားလေးကိုတော့ အားလုံးကဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အေးချမ်းသာယာဖွယ်ကောင်းတဲ့ ဇော်ပိုင်တို့မိသားစုလေးက အခုလည်း တစ်ပျော်တစ်ပါးကြီး ခရီးထွက်နေကြတာ ဖြစ်ပါတယ်။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

ဇော်ပိုင်က ချစ်ဇနီးလေးနဲ့ သားလေးကိုခေါ်ပြီး မိသားစုလိုက်ခရီးထွက်ကာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းအရမ်းဆင်ကြတဲ့ ဇော်ပိုင်တို့မိသားစုလေးကတော့ အရမ်းကိုကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဇော်ပိုင်တို့မိသားစုလေးရဲ့ခရီးသွားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zaw Paing's FB Acc  

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။