ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေထဲမှာ မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ မောင်ဖြစ်သူ မော်လ်ဒယ်မင်းသားချောလေး သျှင်းမြတ်ကလည်း အပါအဝင်ပါပဲနော်..။

သရုပ်ဆောင်ကောင်းပြီး ယောကျ်ားပီသကာ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေတဲ့ သျှင်းမြတ်ကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးနေတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာပါ..။


Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

မင်းသားချောလေး သျှင်းမြတ်ကတော့ ကိုဗစ်ကာလလေးမှာ လုပ်ဖြစ်တဲ့အလုပ်တွေအကြောင်းနဲ့ ဇာတ်ကားရိုက်မယ့် ကာရိုက်တာတွေအကြောင်းအပြင် LGBT တွေနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

ပရိသတအချစ်ောတ် မင်းသားချောလေး သျှင်းမြတ်ဟာ လိင်တူချစ်သူဇာတ်ရုပ်ကို မမျှော်လင့်ထားပေမယ့် အချစ်ဆိုနဲ့ပတ်သက်ပြီး LGBT တွေကို ကလည်း လူသားအချင်းချင်းပဲ ထောက်ခံတဲ့အကြောင်းလေး ပြောပြထားတာပါ..။


Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

“လိင်တူချစ်သူကာရိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကန့်သတ်ထားတာတော့ မရှိပါဘူး အခုအချိန်ထိလည်း LGBT ဇာတ်ရုပ်ကို မစဉ်းစားဘူး မမျှော်လင့်ထားဘူးဆိုတော့ အဲ့လိုမျိုးရှိလာမယ်လို့တော့ မထင်ပါဘူး ကမ်းလှမ်းလာခဲ့ရင်တော့ ကျွန်တော်ကိုယ်တိုင်ကလည်း ဘာပဲဖြစ်ဖြစ် LGBT ကို လုံးဝထောက်ခံတယ် ဒါက လူသားအချင်းချင်းပဲ အချစ်ဆိုတာ လူတိုင်းမှာ ရှိပါတယ် အားလည်းပေးပါတယ် ထောက်လည်း ထောက်ခံပါတယ် ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

LGBT တွေကို အားပေးထောက်ခံပေမယ့် အဲ့လိုကာရိုက်တာမျိုးဆိုရင်တော့ သူနဲ့က အဆင်ပြေမယ်လို့ မထင်တဲ့အတွက် အဲ့လိုကာရိုက်တာမျိုးကို လုပ်ဖို့မရှိတဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ မင်းသားချောလေးသျှင်းမြတ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

Photo Credit - Shinn Myat's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။