ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် body လေးနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ကြော်ငြာတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ထဲမှာ ပါဝင် သရုပ်ဆောင်နေကာ အကောင်းဆုံးလည်း ကြိုးစားနေသူလေးပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံလေးကတော့ ကိုရီးယား မင်းသမီးလေး တစ်ယောက်လို ချောမောပြီး ချစ်စရာ အပြုံးချိုချိုလေးတွေ ကြောင့် ချစ်ခင်သူတွေ ပေါများနေတာ ဖြစ်ပါတယ်။

Photo Credit - Saung Yoon San
Photo Credit - Saung Yoon San

ဒါ့အပြင် လတ်တလော မှာဆိုရင်လည်း ဆောင်းယွန်းစံလေးက အလှူအတန်းတွေလည်း ပြုလုပ်ပေးတာ တွေ့ရပါတယ်နော်..။ လတ်ရှိ ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးတွေ မှာလည်း အနုပညာအလုပ်ကို ခဏတာ ရပ်နားထားပြီး ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ဆောင်းယွန်းစံ လေးကတော့ ပရိသတ်တွေအတွက် ခရီးသွားခဲ့တုန်းက အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

Photo Credit - Saung Yoon San
Photo Credit - Saung Yoon San

ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံလေးက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး ပရိသတ်တွေ ချစ်အားပိုအောင် ရင်ခုန်စရာ အိုက်တင်လေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေ ပဲဖြစ်ပါတယ်။ အချစ်တော်လေး ဆောင်းယွန်းစံ ရဲ့ အသည်းယားစရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း မင်းသမီးချောလေး ဆောင်းယွန်းစံကို အရင်ကထပ် ပိုပြီး ချစ်ပေးပါဦးနော်...။

Photo Credit - Saung Yoon San

Source -Saung Yoon San 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။