ဖွေးစိန်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ဖွေးဖွေးက အကယ်ဒမီသုံးဆုတိတိ ဆွတ်ခူးရယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် မာန်မာနကင်းပြီး အမြဲတမ်းကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်နေတတ်တဲ့ ဖွေးကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit- Phway Phway's FB Page
Photo Credit- Phway Phway's FB Page
Photo Credit- Phway Phway's FB Page

လတ်တလောမှာတော့ ဖွေးစိန်လေးက သူမဝါသနာပါတဲ့အပင်လေးတွေကို စိုက်ပျိုးနေသလို အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖွေးက အခုရက်ပိုင်းမှာ မကြာခဏဆိုသလို GYM ကိုသွားပြီး အားကစားလုပ်နေတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖွေးစိန်လေးက မြင်သူတိုင်းအချစ်ပိုသွားလောက်အောင် လှနေတဲ့ သူမရဲ့ဗီဒီယိုလေးကို မျှဝေပေးထားတာဖြစ်ပါတယ်။

Photo Credit- Phway Phway's FB Page
Photo Credit- Phway Phway's FB Page
Photo Credit- Phway Phway's FB Page

ဖွေးစိန်လေးက ဖြူဖွေးဝင်းဥတဲ့အလှတရားတွေနဲ့ ရင်ခုန်စွဲမက်ဖွယ်ကောင်းနေပြီး ခေါင်းလေးကိုလှုပ်ကာ ကနေတာပဲ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်လေးနဲ့ အပြတ်အသတ် ကြွေချင်စရာကောင်းနေတဲ့ ဖွေးစိန်လေးကတော့ အမြဲတမ်းဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Phway Phway's FB Page 

Photo Credit- Phway Phway's FB Page
Photo Credit- Phway Phway's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။