ပရိတ်သတ်ကြီးရေ.....မာန်မာနကင်းပြီး အမြဲပျော်ပျော်နေတတ်တဲ့ မင်းသားချောလေးကျော်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်ပြီး အမြဲလိုလိုသူ့ရဲ့ Facebook စာမျက်နှာမှာ ဆိုရင်လည်း အခွီစာသားလေးတွေရေးတင်တတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ကျော်ကျော်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါနော်။
အခုလက်ရှိမှာဆိုရင်လည်း ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်တဲ့ စုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့အတူ pageလေးတစ်ခုထောင်ကာ အခွီဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိတ်သတ်တွေရဲ့အားပေးမှု ရရှိနေတာဖြစ်ပါတယ်။ ကျော်ကျော်ဟာ အခွီtik tokဗီဒီယိုလေးတွေကိုလည်း အမူအရာပီပီပြင်ပြင်နဲ့ ရိုက်ကူးပြီး သူ့ရဲ့အိုက်တင်အမူအရာတွေကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေရတာပါ။
ကျော်ကျော်ဟာအခုလက်ရှိမှာဆိုရင် မိသားစုကိုအချိန်ပေးကာနေထိုင်နေတာဖြစ်ပြီး ပြင်ဦးလွင်မြို့လေးမှာအနားယူနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ကိုရီးယား အစားအစာတွေစားကြမယ်လေ အောင်ပန်းမှာ ကိုရီးယားစာကို အရသာကောင်းကောင်းနဲ့စားခွင့်ရလိမ့်မယ်လို့ မထင်မိပု...ဆိုင်မှာစားဖို့တင်မကဘူး...လမ်းမှာစားဖို့ပါထည့်ပေးလိုက်တဲ့ ညီမလေးဖွေးကို ကျေးဇူးများကြီးတင်ပါတယ်နော်" ဆိုတဲ့captionလေးနဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Video Credit-Kyaw Naing Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။