စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး treasure လေးကတော့ တစ်နှစ်ပြည့်တော့မယ့်အရွယ်လေးမှာ ပိုပိုပြီးလည်းချစ်စရာကောင်းလာသလို အရမ်းတွေလည်းတတ်လာပါတယ်နော်။Treasure လေးရဲ့ နှုတ်ခမ်းစူပြတဲ့ အိုင်တင်လေးကိုလည်း ပရိသတ်တွေက အချစ်ပိုနေရပြီး အခုနောက်ပိုင်းမှာ အမူအရာတွေမျိုးစုံလုပ်ပြတတ်လာပါတယ်။ပရိသတ်တွေကတော့ Treasure လေးရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်ပြီး ချစ်မဝဖြစ်နေတာဖြစ်ပါတယ်နော်။

Photo Credit:Thiha Lwin's Facebook Account
Photo Credit:Thiha Lwin's Facebook Account
Photo Credit:Thiha Lwin's Facebook Account

မေမေစန္ဒီမြင့်လွင်ကလည်း သမီးလေးကို အကောင်းဆုံးပြုစုစောင့်ရှောက်ပြီး သမီးလေးအဟာရပြည့်မှီဖို့အတွက်လည်း ကိုယ်တိုင်ချက်ပြုတ်ပြီး ကျွေးမွေးတာဖြစ်လို့ Treasure လေးကတော့ ၀၀ကစ်ကစ်လေးနဲ့ကြီးပြင်းလာပါတယ်နော်။Treasure လေးကတော့ ဖေဖေနဲ့မေမေရဲ့ အသည်းနှလုံးလေးဖြစ်ပြီး ဒီးဒီတို့အိမ်ရဲ့ ဆည်းလည်းလေးလည်းဖြစ်လို့ အိမ်လေးက ပိုမိုနွေးထွေးပြီး သာယာအေးချမ်းပါတယ်နော်။

Photo Credit:Thiha Lwin's Facebook Account
Photo Credit:Thiha Lwin's Facebook Account

Treasure လေးက ဖေဖေချစ်သမီးလေးဖြစ်လို့ ဖေဖေ့အနားကိုအရမ်းကပ်ပြီး ချွဲတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း ဖေဖေ့ရဲ့ပေါင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး ဖေဖေကိုင်ပြီးတိုက်တဲ့ နို့ဘူးကိုအားရပါးရသောက်နေတာဖြစ်ပါတယ်။Treasure လေးတို့သားအဖနှစ်ယောက်ကတော့ မေမေဒီးဒီမနာလိုရလောက်အောင် ချစ်ပြနေကြပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thiha Lwin's Facebook Account
Photo Credit:Thiha Lwin's Facebook Account
Photo Credit:Thiha Lwin's Facebook Account

Source&Photo Credit:Thiha Lwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။