ပရိသတ်ကြီးရေ ညိမ်းသော်ကတော့ တောင့်တင်းကျစ်လစ်တဲ့ Body နဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမပျိုလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Kaung Myat Thu
Photo Credit : Kaung Myat Thu

ညိမ်းသော်ကတော့ လတ်တလောမှာ ခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ကြော်ငြာတွေ Photo ရူတင်တွေ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့မြင်နေကျပုံစံတွေနဲ့ မတူပဲ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက် ပုံစံမျိုးလေးရိုက်ထားတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Kaung Myat Thu
Photo Credit : Kaung Myat Thu

ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ညိမ်းသော်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ညိမ်းသော်လည်း ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Kaung Myat Thu
Photo Credit : Kaung Myat Thu

Source : Nyein Thaw Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။