ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေ ချစ်ခင် အားကျနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့ ပြည်သူချစ် မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ Single Mother အဖြစ် သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ အတူဖန်တီး တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ သားလေးနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်ရသော်လည်း ကြံ့ကြံ့ခိုင်ကာ လျှောက်ရမယ့် ပန်းတိုင်ကို အဆုံးထိလျှောက်လှမ်းနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးဟာလည်း ကလေးအမေလို့ ထင်ရက်စရာမာှိအောင်ကို ကျစ်လစ်သွယ်လျလှပနေဆဲပဲ ဖြစ်ပါတယ်။
မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေနဲ့ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖယောင်းလေးလို ပျော့ပြောင်းလှတဲ့ ခန္ဓာကိုယ်လေးဖြစ်အောင် ခြေထောက်တစ်ဖက်ကိုအပေါ်သို့မြှောက်ကာယောဂကျင့်နေတဲ့မယ်လိုဒီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အားကျသွားအောင် မယ်လိုဒီရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Melody Myo’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။