စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးသည့် ဂွာဒီယိုလာနဲ့ ဒန်နီအဲဗက်သည် ယခုတစ်ဖန်လည်း အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းတွင်လည်း ပြန်လက်တွဲဖို့ရှိနေကြောင်းသိရသည်။

ယခုလက်ရှိတွင် အီတလီစီးရီအေကလပ် ဂျူဗင်တပ်အသင်းတွင် ကစားလျက်ရှိသော အသက်၃၄နှစ်ရှိ ဘရာဇီးလူမျိုး အဲဗက်စ်အနေဖြင့် တူရင်ကလပ်ဂျူဗင်တပ်တွင် မပျော်ဘဲရှိနေကာ ဂွာဒီယိုလာ၏ မန်ချက်စတာစီးတီးအသင်းသို့ပြောင်းရွှေ့နိုင်ကြောင်း သိ၇ိှရသည်။

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွာဒီယိုလာမှာ အင်္ဂလန်ပရီးမီးယားလိဂ်တွင် အခက်အခဲတွေ့လျက်ရှိကာ နည်းပြဘဝ ပထမဆုံးအချိန်အဖြစ် ဖလားလက်မဲ့ရာသီကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းတွင် ဖြတ်သန်းခဲ့ရသည်။

Hein

သတင်းအရင်းမြစ် Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။