ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်စေတဲ့ သီချင်းတွေနဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ပိုပိုကတော့ ပရိသတ်တွေနဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်မယ့် သီချင်းသစ်တွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

ပိုပိုတစ်ယောက် သီချင်းဗီဒီယိုအသစ်လေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေတာ ဖြစ်ပါတယ်။ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

သူမရဲ့ အလှပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိပြီး လတ်တလောမှာလည်း ခရီးထွက်နေတာဖြစ်ပြီး "တောင်ပေါ်မြေပေါ်က စကောထမင်းဝိုင်းလေးကို ကိုကို နဲ့ တူတူ စားချင်မိတယ်ဆိုတဲ့"စာလေးနဲ့အတူ ပုံလေးတွေကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာအရမ်းကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

Source & Photo Credit : Po Po Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။