ယနေ့လေးမှာတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့တဲ့ ဦးကျော်ဟိန်းတစ်ယောက် ဒွေးကွယ်လွန်ခဲ့တဲ့ (၁၃)နှစ်ပြည့်နေ့လေးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆုံးပါးသွားပြီဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဒွေးကွယ်လွန်တဲ့နေ့လေးမှာပဲ ဦးကျော်ဟိန်းတစ်ယောက်ဆုံးပါးသွားလို့ ပရိသတ်တွေအနေနဲ့ စိတ်မကောင်းဖြစ်နေကြပြီး ပြည်သူချစ်အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်မိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
မင်းမော်ကွန်းကတော့ " လက်ဦးဆရာဦးကျော်ဟိန်းကွယ်လွန်သွားတဲ့အတွက်များစွာဝမ်းနည်းမိပါတယ်ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ " ဆိုပြီး ဆရာဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်းရေးသားထားခဲ့တာပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို အချိန်အတော်ကြာအတူလုပ်ကိုင်ခဲ့တဲ့ စိုးမြတ်သူဇာကတော့ " ဝေ လဲ မွှေး ကြွေ လဲ မွှေး " ဆိုပြီး ဒွေးနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေနဲ့ အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
စင်ရော်မောင်မောင်ကတော့ " ကျွန်တော့်ရဲ့ အကြိုက်ဆုံး သရုပ်ဆောင်၊ ကျွန်တော့်ကိုလည်း အတွေ့အကြုံတွေ အများကြီး သင်ကြားပေးခဲ့တဲ့ အစ်ကိုကြီး အကယ်ဒမီ ဦးကျော်ဟိန်း ဩစတေးလျနိုင်ငံတွင် ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် ရင်နဲ့အမျှ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရပါသည်။နှစ်တစ်ရာပြည့် ရုပ်ရှင်ပွဲတော် မတိုင်ခင် ကြွေလွင့်သွားတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ပြုခဲ့သမျှသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ဘာဝနာကုသိုလ် တို့အား အမျှပေးဝေပါတယ်။ ဦးကျော် ကောင်းရာသုကတိ လားပါစေကြောင်း ဆုတောင်းအပ်ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ်။
source zin yaw mg mg / soe myat nandar / kyaw kyaw htway lin' s facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။