စုလှိုင်ဝင်းကတော့ အမိုက်စားကောက်ကြောင်းအလှနဲ့ ပုရိသတွေကြားမှာ အထူးတလည် ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ် ။ Cover Dance ဗီဒီယိုလေးတွေရိုက်ကူးပြီး လူသိများလာခဲ့တဲ့ စုလှိုင်ဝင်းက အမာခံပရိသတ်တွေ အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ စုလှိုင်ဝင်းကတော့ တကယ့်ကို ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc

စုလှိုင်ဝင်းက ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်သူလေး ဖြစ်တာကြောင့် အမြဲတမ်းလိုလို အလန်းစားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ် ။ ခေတ်ပေါ်အကကို ကျွမ်းကျင်ပိုင်နိုင်စွာကနိုင်တဲ့ စုလှိုင်ဝင်းက အကဗီဒီယိုလေးတွေကို ပုံမှန်တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း စုလှိုင်ဝင်းက ပရိသတ်တွေအတွက် အမိုက်စား Cover Dance ဗီဒီယိုလေးကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc & Moe Htet
Photo Credit-Su Hlaing Win's FB Acc

"Cover dance of Sunmi(LaLaLay)" ဆိုပြီးတင်ထားတဲ့ စုလှိုင်ဝင်းရဲ့ Cover Dance ဗီဒီယိုလေးကတော့ အချိန်ခဏလေးအတွင်းမှာတင် ကြည့်ရှုသူတွေ အများအပြားရရှိနေတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ စုလှိုင်ဝင်းက အလန်းစားကကွက်တွေနဲ့ အားရပါးရ ကပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စုလှိုင်ဝင်းရဲ့Cover Dance ဗီဒီယိုအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Su Hlaing Win's FB Page

Photo Credit-Su Hlaing Win's FB Page
Photo Credit-Su Hlaing Win's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။