ဦးမန်းဝင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ဟာသလူရွှင်တော်ကြီးတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ စွယ်စုံရပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဦးမန်းဝင်းကတော့ ကျန်းမာရေးမကောင်းဖြစ်နေခဲ့ပြီး ယနေ့နံနတ်၆း ၃၀အချိန်မှာ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကာ ချစ်ရတဲ့ မိသားစုနဲ့ ချစ်ပရိသတ်တွေကို ခွဲခွာသွားခဲ့ပြီဖြစ်ပါတယ်။

photo credit: Man Win - Joker 's facebook page
photo credit: Man Win - Joker 's facebook page

ဦးကောင်းကျော်ကတော့ " ဟာသလူရွှင်တော်ကြီးဦးမန်းဝင်း ယနေ့နံက်၆း၃၀ တွင် ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်းသိရပါသည် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဦးမန်းဝင်းဆုံးပါးသွားပြီဖြစ်တဲ့အကြောင်း ပရိသတ်တွေထံ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းဆုံးပါးသွားတဲ့ သတင်းဟာ အနုပညာရှင်တွေရော ပရိသတ်တွေကိုပါ အတော်လေးစိတ်မကောင်းဖြစ်စေခဲ့ပြီး မိသားစုနဲ့ ထပ်တူဝမ်းနည်းမိတဲ့ အကြောင်းလူမှုကွန်ယက်ထက်မှာ ရေးသားထားနေကြပါတယ်။

photo credit: Man Win - Joker 's facebook page
photo credit: Man Win - Joker 's facebook page
photo credit: Man Win - Joker 's facebook page

ဦးမန်းဝင်းဟာ ပရိသတ်တွေကို သူတတ်ကျွမ်းတဲ့ ဟာသပညာနဲ့ ပျော်ရွှင်ရယ်မောအောင် ပြုလုပ်ခဲ့တဲ့ ဟာသလူရွှင်တော်တစ်ယောက်ဖြစ်ပြီ အငြိမ့်ကရာတွင်လည်း ထူးချွန်သလို သရုပ်ဆောင်ပိုင်းမှာလည်း ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဦးမန်းဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

source:  U Kaung Kyaw 's facebook acc  

photo credit: Man Win - Joker 's facebook page
photo credit: Man Win - Joker 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။