ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂ အီးယူ ကနေ နှုတ်ထွက်ရေး တရားဝင်ဆွေးနွေးပွဲကို ဘရပ်ဆဲလ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲအတွင်း ဥရောပ ကော်မရှင်ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး မစ််ချဲလ် ဘာနီယာ နဲ့ ဗြိတိန် ရဲ့အီးယူက နှုတ်ထွက်ရေးဆိုင်ရာ အတွင်းဝန် ဒေးဗစ် ဒဲဗစ္စ တို့က အီးယူကနေ နှုတ်ထွက်ရေးရာမှာ ဆောင်ရွက်သွားရမယ့် အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ Sputnik International မှာဖော်ပြထားပါတယ်။

ပထမအကျော့ ဆွေးနွေးပွဲအတွင်းမှာတော့ နိုင်ငံသားအခွင့်အရေး၊ ဘဏ္ဍာရေး ကိစ္စရပ်တွေအပါအဝင် မြောက် အိုင်ရစ်ချ် နယ်နမိတ်နဲ့ ခွဲထွက်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးသွားဖို့ စီစဉ်ထားတဲ့အပြင်အီးယူက ဗြိတိန် နုတ်ထွက်ရေး ဆွေးနွေးပွဲတွေကို လာမယ့်၂၀၁၉ မတ်လ မကုန်ခင် အပြီးသတ် ဖို့ သတ်မှတ်ထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။

လက်တလော ဗြိတိန်နိုင်ငံရေး အခြေအနေအရ အီးယူကနေ ဗြိတိန် က လုံးဝ သီးသန့် ခွဲထွက်နိုင်မည်မဟုတ်ဘဲ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နိုင်ခြေရှိတဲ့ ပုံစံ ပေါ်ပေါက်လာနိုင်ကြောင်း သိရှိရပါတယ်။

Aung  

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။