အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်နှင့် အင်္ဂလန်လက်ရွှေးစင်ဘောလုံးအသင်းခေါင်းဆောင် တိုက်စစ်မှူး ရွန်းနီတစ်ယောက် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည်စတင် ဆင်းနေပြီဖြစ်ကြောင်းသိရှိရသည်။

သရဲနီခေါင်းဆောင် ၀ိန်းရွန်းနီ အနေနဲ့ အင်္ဂလန်လက်ရွှေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များအတွက် ရွှေးချယ်ခြင်းမခံခဲ့ရ၍ မိသားစုကိုအချိန်ပေးပြီး အပန်းဖြေခဲ့သော်လည်း ယခု ကလပ်အသင်း မန်ချက်စတာယူနိုင်တက်နှင့် လေ့ကျင့်ခန်းပြန်လည်စတင် ဆင်းနေတာဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်နှင့် အင်္ဂလန်လက်ရွှေးစင်ဘောလုံးအသင်းအတွက်ပါ ကလပ်ရောနိုင်ငံအတွက်ပါဂိုးအများဆုံးသွင်းထားတဲ့ တိုက်စစ်မှူး ရွန်းနီတစ်ယောက် ယမန်နှစ်တွင်ဝေဖန်မှုများစွာခံခဲ့ရပြီး ယခုအခါ ဝေဖန်မှုများကိုတုံ့ပြန်နိုင်ရန် အကောင်းဆုံးကြိုးစားနေခြင်းဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။