ကောင်မလေးတွေမျက်စိကျခြင်းခံနေရတဲ့ မင်းသားချော ဒေါင်းဟာ

အားကစားကိုလည်းခုန်မင်ပြီး ပရဟိတလုပ်ငန်းတွေမှာလည်း အမြဲတမ်းတတပ်တအားပါဝင်နေသူပါ။

အနုပညာသက်တမ်းနုသေးပေမယ့် အားပေးတဲ့ ပရိသတ်တွေပိုတိုးလာတဲ့ ဒေါင်း တစ်ယောက်

လမ်းလျှောက်သင်္ကြန်ကစပြီး သူချစ်တဲ့ပရိသတ်တွေကို သူကိုယ်တိုင် သနပ်ခါးလိမ်းပေးတဲ့ ပုံရိပ်တချို့က အတော်လေး လူပြောများခဲ့ပါတယ်။

အဲ့ဒီလိုလုပ်ဖြစ်သွားပုံကို အခုလို Sunday Journal အင်တာဗျုးမှာ ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဘယ်လိုခံယူချက်မျိုးနဲ့ အခုလိုမျိုး လုပ်ဖြစ်တာလဲဆိုတာကိုတော့ ကျွန်တော် သင်္ကြန်တုန်းက လမ်းလျှောက်သင်္ကြန်မှာလိုက်သွားရင်းနဲ့ အဲ့လို သနပ်ခါးလိမ်းပေးနေတဲ့အဖွဲ့ကိုတွေ့တော့ ကျွန်တော် အရမ်းသဘောကျသွားတယ်။ မြန်မာ ဆန်တဲ့ Taste ကိုခံစားမိတယ်။ အဲ့လိုခံစားချက်မျိုးရအောင် ရည်ရွယ်ပြီးလုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့ကိုကြည့်ပြီးတော့ ကျွန်တော်လဲစဉ်းစားမိတယ်။ ကျွန်တော်ချစ်တဲ့သူတွေကို ကျွန်တော်ကိုယ်တိုင် သနပ်ခါးလိမ်ပေးချင်မိတယ်။ ချစ်တဲ့သူတွေကို စဉ်းစားကြည့်လိုက်တော့ လူတိုင်းကိုကျွန်တော်ချစ်တယ်။ အဲဒီအ တွက်ကြောင့်မို့လို့ သူတို့ကို ကျွန်တော် အ ဆင်သင့်တာနဲ့ သနပ်ခါးလိမ်းပေးတယ်။ ဒီသနပ်ခါးလိမ်းတာနဲ့ပတ်သက်ပြီး ထူးထူးခြားခြား အစီအစဉ်တွေ လုပ်ပေးချင်စိတ်ပေါ်လာရင်လည်း ထပ်ပြီးတော့လုပ်ပေးမှာပါ”လို့ဆိုပါတယ်။

လက်ခံ ထားတဲ့ဇာတ်ကားအတွက် ဘာတွေပြင်ဆင်ထားလဲဆိုတာကိုတော့ “နောက်ရိုက်မယ့်ဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ကာရိုက်တာက လူငယ်ဆန်ဆန်နဲ့ေ ပါ့ပေါ့ပါးပါးရှိတယ်ဆိုပေမယ့် လူငယ်ဇာတ်ရုပ်ကိုပဲ ဘယ်လိုခံစားချက်တွေ၊ ဘယ်လိုပုံစံတွေနဲ့ ပရိသတ်ကို တင်ဆက်မလဲဆိုတာကို စာအုပ်တွေဖတ်တယ်၊ ခံစားချက်တွေထည့်တယ်။ ပိုပြီး လေးလေးနက်နက်ရှိအောင် ကျွန်တော်ဘက်ကပြင်ဆင်ထားပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်။ ထွက်လာမယ့်ဇာတ်ကားတွေကို စိတ်ရှည်ရှည်နဲ့ တစ်ကားချင်းစီကို ရင်ထဲထိရောက်အောင် ကြည့်ပေးကြပါလို ့မေတ္တာရပ်ခံချင် ပါတယ်”လို့ဖွင့်ဟခဲ့ပါတယ်။

သတင်းအရင်းမြစ် sunday journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။