ဖိလစ်ပိုင်နိုင်ငံက KFC ကြက်ကြော်ဆိုင်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းလေးတစ်ယောက်ဟာ လူစိတ်ဝင်စားခံနေရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားရဲ့နာမည်ကျော်မင်းသား Gong Yoo နဲ့ရုပ်ချင်းဆင်နေလို့ပါ ။

ကိုရီးယားအနုပညာရှင်တွေကိုသည်းသညး်လှုပ်အားပေးတဲ့ အာရှပရိတ်သတ်တွေထဲဖိလစ်ပိုင်ပရိတ်သတ်တွေလဲပါဝင်နေတာမို့

နာမည်ကျော်မင်းသားနဲ့ ရုပ်ချင်းဆင်တာကို သူတို့သတိပြုမိခဲ့ကြပါတယ် ။ 

သူ့ကို စတင်သတိထားမိတဲ့ ဖိလစ်ပိုင်ကောင်မလေးဟာ စစမြင်ချင်းမှာ သူ့ကို ကိုရီယားမင်းသားက ဝန်ဆောင်မှုပေးနေတာလားလို့

အံ့သြမိသွားပါတယ်တဲ့ ။ ထို့နောက်မှာတော့ သူမဟာ ထို ဝန်ထမ်းလေးရဲ့ ပုံကိုရိုက်ပြီး facebook ကိုတင်ကာ

Gong Yoo ကိုတွေ့ဖို့ကိုရီးယားသွားစရာမလိုဘဲ ဒီနေ့တွေ့လိုက်ရပြီလေ လို့ ရေးသားဖော်ပြခဲ့ပါတယ် ။

ထိုပို့စ်ကို မြင်တွေ့သူများကလည်း အံ့သြနေကြပြီး လတ်တလောရေပန်းစားနေတဲ့ သတင်းလေးဖြစ်လာခဲ့ပါတယ် ...

တူလားမတူလားပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်လိုက်ပါတော့နော် ...  

သတင်းအရင်းမြစ် Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။