လက်ရှိကျင်းပနေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ၏ အုပ်စုAပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရှရှားလက်ရွှေးစင်ဘောလုံးအသင်းနှင့် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးအသင်းတို့၏ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ရော်နယ်ဒို၏သွင်းဂိုးနှင့်အတူ ရှရှားကိုအနိုင်ရခဲ့ပါတယ်။

ရှရှားလက်ရွှေးစင်ဘောလုံးအသင်းနှင့် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးအသင်းတို့၏ပွဲစဉ်မှာ နှစ်ဘက်အသင်းတွေအနေနဲဲ့ အတောင့်တင်းဆုံးလူစာရင်းနှင့်ပွဲထွက်လာပြီး ပေါ်တူဂီအသင်း၏ဦးဆောင်ဂိုးနှင့်အနိုင်ဂိုးကို တိုက်စစ်မှူးရော်နယ်ဒိုက ပွဲချိန်၈မိနှစ်မှာသွင်းယူခဲ့တာပါ။ 

ကျန်တဲ့ပွဲချိန်တွေမှာ ရှရှားအသင်းကော ပေါ်တူဂီအသင်းပါ ဂိုးတွေသွင်းယူဖို့ကြိုးစားခဲ့ပေမယ့် ဂိုးဆက်မသွင်းနိုင်တော့ဘဲ ပေါ်တူဂီ ၁-၀ ရှရှားရလဒ်ဖြင့်အဆုံးသတ်ခဲ့ပြီး ဒီပွဲအပြီးမှာတော့ ပေါ်တူဂီအသင်းအနေနဲ့ အုပ်စုAမှာ ၂ပွဲဆော့ ၄မှတ်ဖြင့်အုပ်စုပထမနေရာကရပ်တည်နေပါတယ်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။