မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အောင်မြင်လျက်ရှိနေတဲ့ မော်ဒယ်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူလေးပဲဖြစ်ပါတယ်။ 

Photo Crd- Paing Phyoe Thu’s Facebook Page
Photo Crd- Paing Phyoe Thu’s Facebook Page

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချိုသာတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေအချစ်ပိုရတဲ့ မင်းသမီးလေးဖြစ်ပြီး အနေအထိုင်အေးဆေးသလို ပရိသတ်တွေနဲ့လည်းတစ်ရင်းတနှီးပြောဆိုလေ့ရှိသူလေးပဲဖြစ်ပါတယ်။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

သူမကတော့ ယခုမှာ အမဖြစ်သူနဲ့အတူ အကျီဆင်တူလေးဝတ်ဆင်ပြီး ငယ်ငယ်တုန်းက ပျော်ခဲ့ရတဲ့ ပုံစံလေးတွေအတိုင်း စနောက်ရင်း ပြုံးပျော်ရွှင်နေခဲ့ပါတယ်။သူမကတော့ " အာလူးသီး နှစ်ကောင်" ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပိုင်ဖြိုးသုတို့ ညီအစ်မနှစ်ယာက်ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။