လက်ရှိကျင်းပနေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ၏ အုပ်စုAပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရှရှားလက်ရွှေးစင်ဘောလုံးအသင်းနှင့် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးအသင်းတို့၏ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအနေနဲ့ လေးစားစရာစိတ်ဓာတ်ကိုပြသခဲ့ပါတယ်။

ကွင်းထဲသို့ နှစ်ဘက်ကစားသမားတွေနဲ့အတူ ကလေးငယ်များကပါဝင်လာရာ ရော်နယ်ဒိုရဲ့နံဘေးမှာတော့ မသန်စွန်းကလေးမလေးဟာလက်တွန်းလှည်းနဲ့အတူပါလာတာဖြစ်ပြီး ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကလည်း ကလေးမလေးကိုကြင်ကြင်နာနာဆက်ဆံခဲဲ့ပါတယ်။

အဆိုပါ ရှရှားလက်ရွှေးစင်ဘောလုံးအသင်းနှင့် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးအသင်းတို့၏ပွဲစဉ်မှာ ပေါ်တူဂီအသင်း၏ဦးဆောင်ဂိုးနှင့်အနိုင်ဂိုးကို တိုက်စစ်မှူးရော်နယ်ဒိုက ခြေစွမ်းပြကစားနိုင်ခြဲပီး ပွဲချိန်၈မိနှစ်မှာသွင်းယူခဲ့တာပါ။ ထိုဂိုးနဲ့ပဲ ၁-ဝဂိုးရလဒ်ဖြင့် ပေါ်တူဂီတို့အနိုင်ရရှိခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။