အောင်လကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်ထားနိင်ခဲ့ပြီး သီချင်းကောင်းလေးတွေ များစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အောင်လရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိ နားထောင်လို့ ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေဖြစ်ပြီး သီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

PHOTO CREDIT : Wine Su ' S FACEBOOK ACC
PHOTO CREDIT : Wine Su ' S FACEBOOK ACC

ဝိုင်းစုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သလို အဆိုပိုင်းမှာလည်း ပိုင်နိုင်ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝိုင်းစုကတော့ သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းလတို့ စုံတွဲလေးကတော့ လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်နဲ့ ရှေ့ဆက်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

PHOTO CREDIT : Wine Su ' S FACEBOOK ACC
PHOTO CREDIT : Wine Su ' S FACEBOOK ACC
PHOTO CREDIT : Khun Htun Lynn Aung

ယခုမှာတော့ အောင်လတစ်ယောက် သူရဲ့လည်ပင်းလေးကိုဖက်ပြီး ကပ်ခွျှဲနေတဲ့ ချစ်သူလေးဝိုင်းစုနဲ့ ခရီးအတူတူထွက်ကာ ကြည်နူးပျော်ရွှင်နေခဲ့ပါတယ်။ အောင်လကတော့ " အဲ့ လို အချစ်ခံရတော့လည်း " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

SOURCE : Reodineius Aung La ' S FACEBOOK

PHOTO CREDIT : Wine Su ' S FACEBOOK ACC
PHOTO CREDIT : Reodineius Aung La ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။