ယနေ့ချိန်မှာ ဂိမ်းတွေဟာဆိုရင် တော်တော်လေးကို အဆင့်မြင့်လာပြီး Gamer လောကဟာလဲ ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာဆိုရင် eSports လောကနဲ့ပတ်သတ်ပြီး အစိုးရကပါ Support ပေးလေ့ရှိပါတယ်။ နောက်ပိုင်းမှာ ဂိမ်းလောကကြီးဟာလဲ တဖြည်းဖြည်းနဲ့ တိုးတက်လာဖို့ပဲရှိပါတယ်။ တချို့သောရုပ်ရှင်တွေဆို ဂိမ်းတွေကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အောက်မှာဆိုရင်လဲ လူတော်တော်များများစောင့်နေကြတဲ့ အကောင်းဆုံးဂိမ်းတွေကို ဖော်ပြလိုက်ပါတယ်။ 

Wasteland 3
Platform(s): PS4, Xbox One, PC
Release date: August 28, 2020

ဂိမ်းဟာဆိုရင်တော့ Colorado ဆိုတဲ့ အေးခဲနေပြီးပျက်ကိန်းဆိုက်နေတဲ့ နယ်မြေမှာ တည်ထားတာဖြစ်ပါတယ်။ Wasteland 3 ဟာဆိုရင် RPG ဂိမ်းတစ်ခုဖြစ်ပြီး Solo ဒါမှမဟုတ် Co-op အနေနဲ့ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေတိုင်းက ကိုယ့်ရဲ့ဇာတ်လမ်းပေါ်ကို အမျိုးမျိုး သက်ရောက်သွားမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာလဲ စောင့်ကြည့်ရမယ့်ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး အရင်ဂိမ်းတွေနဲ့မတူတဲ့ အချက်တွေလဲပါဝင်လာပါတယ်။ 

Marvel's Avengers
Platform(s): PC, Xbox One, PS4
Release date: September 4, 2020

Voice Talent ရှိပြီးသားဖြစ်ကြတဲ့ Laura Bailey, Troy Baker, Nolan North, Travis Willingham, နဲ့ Jeff Schine တို့ဟာဆိုရင် Avengers ရဲ့ အသံသရုပ်ဆောင်အဖြစ်ပါဝင်သွားမယ့် ဂိမ်းဖြစ်ပါတယ်။ MUC တစ်ခွင်လုံးနီးပါ ဆော့ကစားရမယ့်ဂိမ်းဖြစ်ပြီး ဆော့ရမယ့် Character တွေကတော့ Captain America, Thor, Iron Man, Black Widow နဲ့ Hulk တို့အဖြစ်ဆော့ကစားနိုင်ပါတယ်။ San Francisco မှာဖြစ်သွားတဲ့ ကိစ္စကြောင့် Blame တာခံလိုက်ရပြီး Captain America လဲဆုံးရှုံးလိုက်ရပါတယ်(Trailer မှာတော့ ရုပ်ထုကြီးနဲ့ ဂုဏ်ပြုထားပါတယ် တကယ်ပဲ သေပီလား)။ နောက် ၅နှစ်အကြာမှာ ကမ္ဘာကြီးဟာ အန္တရာယ်ထဲကို ကျရောက်ခဲ့ချိန်မှာတော့ သူတို့တွေဟာပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ Four-player co-op နဲ့အတူ Marvel's Avengers ဟာထပ်ပြီး Hero ဆန်အုန်းမှာပါပဲ။ 

Cyberpunk 2077
Platform(s): PC, PS4, Xbox One
Release date: September 17, 2020

Cyberpunk 2077 ကတော့ အများကြီး ပြောပြစရာမလိုပါဘူး။ ၂၀၂၀ မှာလူစောင့်များတဲ့ ဂိမ်းကြီး တစ်ခုလို့ ပြောရမှာပါပဲ။ Trailer နဲ့တင်လူစိတ်ဝင်စားမှုကိုခံခဲ့ရပြီး အရင်တခြားဂိမ်းတွေနဲ့မတူတဲ့ ရသ တွေကိုပေးစွမ်းနိုင်ပြီး Graphic ဟာဆိုရင်လဲ တော်တော်လေးမိုက်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့မှာ လူတွေဟာလဲ စက်မှုနည်းပညာတွေနဲ့ တော်တော်လေးကို ခေတ်ရှေးပြေးနေကြတဲ့ပုံတွေနဲ့ တွေ့ရှိရမှာဖြစ်ပါတယ်။ လူတွေကိုထပ်မံစွဲဆောင်းလိုက်တဲ့ အချက်ကတော့ John Wick မင်းသား Keanu Reeves ပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် gamesradar+

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။