ဆွဲဆောင်မှုရှိပြီး ချိုသာလွန်းတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကတော့ ငယ်စဉ်ကတည်းက ဂီတပိုင်းမှာ ထူးချွန်သူလေးပဲ ဖြစ်ပါတယ်..။

အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်နေတဲ့ မေလသံစဉ်ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပွင့်လင်းမှုလေးတွေအပြင် ပျော်ပျော်နေတတ်တဲ့ ပုံရိပ်လေးတွေကြောင့်ပလည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။


Photo Credit - Shane Htet In Vlog
Photo Credit - မေလသံစဉ် May Melody’s Fb Page

မေလသံစဉ်ကတော့ တချိန်က နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းကောင်းလေးတွေကို ဆန်းသစ်ပြီး ပြန်လာသီဆိုထားတဲ့ သူမရဲ့အခွေအသစ်လေးကလည်း မကြာသေးခင်ကမှ ထွက်ရှိထားကာ ပရိသတ်တွေကို အကြိုက်တွေ့စေပြန်ပါတယ်နော်..။

“ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်” ဆိုတဲ့ သူမရဲ့ အခွေသစ်လေးထဲမှာတော့ သီချင်းကောင်းလေးတွေများစွာ ပါရှိပြီး “ရုန်းတော်လွှတ်တော်” သီချင်းလေးကိုတော့ အဆိုတော်ချောလေး အုပ်စိုးခန့်နဲ့အတူ အတွဲညီညီသီဆိုထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Shane Htet Aung
Photo Credit - မေလသံစဉ် May Melody’s Fb Page

အရမ်းကောင်းပြီး အရမ်းလည်းခက်တဲ့ သီချင်းကောင်းလေးဖြစ်တဲ့ “ရုန်းတော်လွှတ်တော်” သီချင်းလေးကို နှစ်ယောက်လုံးကြိုးစားပြီး သီဆိုထားသလို သေသေချာချာလေးလည်း ရိုက်ကူးထားတဲ့ အကြောင်းလေးကို မေလက ပြောပြထားပါသေးတယ်နော်..။

ပျော်စရာတွေရော အခက်အခဲတွေရော အများကြီးရှိပေမယ့်လည်း သီချင်းလေးကို အားလုံးက ကြိုက်ကြတဲ့အတွက် ကျေးဇူးတင်စကားလေးနဲ့အတူ ဝမ်းသာတဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ မေလရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - မေလသံစဉ် May Melody’s Fb Page
Photo Credit - မေလသံစဉ် May Melody’s Fb Page

Photo Credit - မေလသံစဉ် May Melody’s Fb Page & Shane Htet In Vlog & Shane Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။