မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့လက်ဝှေ့အားကစားသမားတစ်ယောက်ပဲ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုမြင့်တင်ပေးနေတဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ် အောင်လအန်ဆန်ကတော့ ယခုမှာ ကိုဗစ်-၁၉ပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးနမူနာကိုလိုအပ်နေလို့ သွေးရည်ကြည်နမှုနာကို ချက်ချင်းလှူဒါန်းခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ "ကျွန်တော်တိုအချင်းချင်းပြောဆိုတဲ့စကားတွေကို၊ကျွန်တော်တို့ရဲ့ဖုန်းတွေကတဆင့်၊နားထောင်နေတယ်ဆိုတာသေချာပါတယ်။ဘာကြောင့်လဲဆိုတော့သတင်းတွေမှာ၊သုတေသီတွေကကိုဗစ်-၁၉ကူးစက်ခံရပြီးနောက်ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးနမူနာတွေကိုလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြောနေတာကိုတွေ့မိပါတယ်ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ကျွန်တော်တို့ဒေသကသွေးလှူဘဏ်ရဲ့ကြေညာတခုပေါ်လာတာကိုလည်းတွေ့မိတဲ့အတွက်အခုကျွန်တော်ဒီမှာထိုင်ပြီးကျွန်တော့်သွေးရည်ကြည်နမှုနာကိုလှူဒါန်းနေပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " အားလုံးကိုပြောပြချင်တဲ့သတင်းကတော့၊ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့သွေးနမှူနာတွေကိုစမ်းသပ်အဖြေရှာပြီး၊ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျောက်ကင်းအောင်ကုသဖို့အတွက်ဆေးဝါးတွေကိုသိပ်မကြာခင်မှာပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ။အားလုံးပဲပျော်ရွှင်ဖွယ် တနင်္လာနေ့ဖြစ်ပါစေ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

source : Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။