ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိနေပြီးသား ဖြစ်ပါတယ် ။ သရုပ်ဆောင်လွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် ကိုယ်ပိုင်မိသားစုဘဝလေးကိုတောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံမှာ အခြေချနေထိုင်ပြီး ကျောင်းပြီးအောင်တက်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

ကျောင်းပိတ်ချိန်တိုင်းမှာ သားလေးရှိရာ မြန်မာပြည်ကို အရောက်ပြန်လာလေ့ရှိတဲ့ ယွန်းဝတီလွင်မိုးက အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးက သူမကိုအရမ်းချစ်တဲ့ခင်ပွန်းနဲ့အတူ နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ထားပြီး ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုတော့ ယွန်းဝတီလွင်မိုးက သူမချစ်ရတဲ့ခင်ပွန်းအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

ဒါ့အပြင် ယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းရဲ့မွေးနေ့မှာ ကြည်နူးစရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာတတ်ပြီး အရမ်းကိုအားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Yunwaddy's IG Acc 

Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။