photo credit – Vodafone Ginats twitter account

Europe region က cs:go team တစ်ခုဖြစ်တဲ့ Giants ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Giants ကြေညာခဲ့တာကတော့  RIZZ ကို အသင်းမှာကစားပေးဖို့အတွက် ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

Giants အနေနဲ့လည်း ပြီးခဲ့တဲ့ 7 လပိုင်း 6 ရက်တုန်းက captain & rifler player ဖြစ်သူ BLOODZ အသင်းကနေ ထွက်ခွာသွားတာကြောင့် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် player တစ်ယောက်လိုအပ်နေခဲ့တာဖြစ်ပြီး ၎င်းလိုအပ်ချက်တွေကို ဖြည့်တင်းဖို့အတွက် RIZZ ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

Giants ရဲ့ captain နေရာကိုတော့ fox ကအစားထိုးတာဝန်ယူသွားမှာဖြစ်ပြီး RIZZ ကတော့ rifler player အဖြစ်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

Giants ရဲ့ လက်ရှိ cs:go roster ကတော့

fox (captain)

NOPEEj

pr

obj

RIZZ

vsk (coach)

တို့ပဲဖြစ်ပါတယ်။

Source – Vodafone Ginats twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။