photo credit - ESL

Team Liquid cs:go team အနေနဲ့ nitr0 ကိုအသင်းကနေ ထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေထက်ပေါ်နေပါတယ်။

nitr0 ဟာ Team Liquid ကို 2015 ခုနှစ် 1 လပိုင်း 13 ရက်နေ့ထဲက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိဆိုရင် Team Liquid မှာကစားလာတာဟာ 5 နှစ်ခွဲ လောက်ရှိနေပြီပဲဖြစ်ပါတယ်။

nitr0 အနေနဲ့ Team Liquid နဲ့အတူ အောင်မြင်မှုတွေများစွာရယူထားနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ထုတ်ပယ်ခံခဲ့ရပြီဆိုတဲ့ သတင်းတွေပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ rumor တွေထဲမှာတော့ Team Liquid အနေနဲ့ Grim ကို nitr0 ရဲ့နေရာမှာအစားထိုးဖို့အတွက် ပါစိတ်ဝင်စားနေတယ်ဆိုတာပါ ပါဝင်လာခဲ့ပါတယ်။

nitr0 အနေနဲ့လည်း ဒီကနေ့အစောပိုင်းလေးက သူ့ရဲ့ twitter အကောင့်မှာ Until next time, friends လို့တင်ခဲ့တာကြောင့် ဒီ rumor တွေဟာ အမှန်တကယ်ဖြစ်လာနိုင်ချေရှိနေပါတယ်။

သို့ပေမယ့် Team Liquid ကတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ဘာမှကြေညာခြင်းမရှိသေးပါဘူး ။

MLEsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။