ပရိသတ်ကြီးရေ.....အလှူရေစက်လက်နဲ့မကွာလှူဒါန်းတတ်ပြီး စေတနာသဒ္ဓါတရားထက်သန်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကို သိကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးဟာ နေနဲ့လ‌ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်းအများအားကျရလောက်အောင် romanticဆန်တဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်နော်။ ဒါ့ပြင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ သမီးလေးတွေကလည်း လိမ္မာရေးခြားရှိကြတဲ့သူလေးတွေပါ။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်ဟာ ဘာသာရေးနဲ့ပက်သက်ပြီးလည်း အမြဲလိုလိုအဓိဌာန်တွေ၀င်ကာ လင်မယားနှစ်ယောက်အတွဲညီညီနဲ့ လုပ်လေ့ရှိကြတဲ့သူတွေပါ။ မကြာသေးမီကလည်း စမိုင်းလ်တို့ဇနီးမောင်နှံဟာ အောင်ဇဗ္ဗူတောရကျောင်းတိုက်နဲ့ သစ်တံခါးကျောင်းတိုက်တို့မှာ အဓိဌာန် ၁၀ရက်၀င်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ကယ်ကိုမွန်မြတ်တဲ့အလုပ်လေးပါနော်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်တို့ဇနီးမောင်နှံဟာ အခုလက်ရှိမှာတော့ လူ၀တ်လဲလိုက်ကြပြီဖြစ်ပြီး သူတို့ရဲ့ပုံမှန်အလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်နေကြပြီပဲဖြစ်ပါတယ်။ မကြာသေးမီက စမိုင်းလ်ဟာသူမရဲ့Facebookစာမျက်နှာတွင် "ဟျောင့်သားရီး သောက်ကြမယ်" ဆိုတဲ့captionလေးနဲ့အတူ ကတုံးဆံပင်ပေါက်ပုံစံနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

Source-စမိုင်းလ်Smile's Facebook page

Photo credit-စမိုင်းလ်Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။