မင်းသားချော ရွှေထူးနဲ့ မင်းသမီးချောရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ နှစ်ယောက်တစ်ဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ရွှေရွှေစုံတွဲလေးက နှစ်ယောက်လုံး အနုပညာရှင်တွေဖြစ်ကြတာကြောင့် စိတ်တူကိုယ်တူ၊ဝါသနာတူနဲ့ အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲလေးပါနော်။ရွှေမှုံလေးက ချစ်ခင်ပွန်းထက်အရင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်လို့ ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာဖြစ်ပါတယ်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်တတ်ပုံလေးတွေကို ပရိသတ်တွေကလည်း အားကျကြပြီး အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ရွှေထူးကလည်း သူ့ထက်အများကြီးငယ်တဲ့ ဇနီးချောလေးကို အစ်ကိုလိုတစ်မျိုး၊ခင်ပွန်းလိုတစ်သွယ် စောင့်ရှောက်ပေးတဲ့သူပါနော်။ရွှေမှုံလေးကတော့ ချစ်ခင်ပွန်းရွှေထူးကြောင့် အမြဲပျော်ရွှင်နေရပြီး စိတ်ချမ်းသာလို့ ပိုပိုပြီးလည်း လှပလာတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

လတ်တလောမှာဆိုရင်လည်း ရွှေထူးနဲ့ ရွှေမှုံတို့က ရှမ်းပြည်နယ်ဘက်ကို ပျော်ပျော်ပါးပါးခရီးထွက်ကြပြီး သာယာလှပတဲ့ရှု့ခင်းတွေကို ခံစားနေကြတာဖြစ်ပါတယ်။ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးပြီး အေးချမ်းစွာ အပန်းဖြေနေကြတာပါနော်။အခုဆိုရင်လည်း ရွှေမှုံလေးက သဘာဝအလှတရားကြီးနဲ့အပြိုင် နုငယ်ချောမောနေပြီး ချစ်ခင်ပွန်းနဲ့ခရီးအတူသွားရလို့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

Source&Photo Credit:Shwe Mhone Yati's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။